MGallery Nay Pyi Taw by Sofitel မိသားစု နှင့် Max Myanmar Hotel Group မှ လက်ရှိ ဖြစ်ပွါးနေတဲ့ COVID19 ကပ်ရောဂါကြီး အတွက် ရှေ့တန်းမှ တာဝန်ယူ ပြီး ပြည်သူ့ကျန်းမာရေး ကို နေ့စဥ်စောင့်ရှောက်မှုပေးနေသော နေပြည်တော် ဒက္ခိနသီရိ မြို့နယ်ပြည်သူ့ဆေးရုံ (ကုတင် ၅၀) ရှိ ဆရာဝန်များနှင့် တာဝန်ရှိသူများ နှင့် တိုင်းပြည်သူ့ ကျန်းမာရေး ဦးစီးဌာန သို့ သွားရောက်ပြီး Primo Italian Restaurant မှာ Mango Pana Cotta, ပီဇာ နှင့် ကော်ဖီ တို့ဖြင့် တဖက်တလှမ်းမှ ကျေးဇူးတင်စွာဖြင့် ဂုဏ်ပြု ပံ့ပိုးကူညီ ပေးအပ်ခဲ့ပါတယ်ရှင်။
ဟိုတယ်မှလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုများအတိုင်း လိုက်နာဆောင်ရွက်ထားပီး ဖြစ်လို့ လာရောက်တည်းခိုမဲ့ ဧည့်သည်တော်များအား ကြိုဆိုလျက်ရှိပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင့်။