မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ထောက်ပံ့ကူညီမှုများ ပေးအပ်မည့် စပွန်ဆာများနှင့် စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၂း၀၀)နာရီ နိုဗိုတယ် ရန်ကုန် မက်စ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တက်ရောက်လာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကား ဆိုခဲ့ပြီး စပွန်ဆာ စာချုပ် ချုပ်ဆိုခြင်းများအား အစီအစဉ်အလိုက် ကျင်းပခဲ့သည်။
စပွန်ဆာ စာချုပ်များ ချုပ်ဆိုရာတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေနှင့် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်တို့က မိတ်ဖက် စပွန်ဆာများ ဖြစ်သည့် Main Sponsor ဧရာဝတီဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်၊ Co Sponsor များဖြစ်သည့် Fresh, Alpine, Novotel၊ Forever Media Group (Host Broadcaster) တို့နှင့် စာချုပ် ချုပ်ဆိုခဲ့ကြပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ချုပ် တာဝန်ရှိသူများ၊ မိတ်ဖက်စပွန်ဆာများ ဖြစ်သည့် Fresh မှ စီအီးအို ဦးဇေယျသူရမွန် နှင့် ဦးလှမျိုးသန့် (Head of Finance and Account)၊AYA Bank အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်မှ စီအီးအို ဒေါ်သဇင်အောင်နှင့် ဦးနေလင်းထွဋ် (Chief Business Officer)၊ Loi Hein Co.,Ltd (Alpine)မှ ဒါရိုက်တာများဖြစ်သည့် ဦးစိုးမိုးလှိုင်နှင့် ဦးဝင်းမြင့်၊ Novotel မှ ဒါရိုက်တာ ဒေါ်အေးသက်ပိုင်နှင့် အထွေထွေ မန်နေဂျာ Mr. Jerome Stubert၊ Forever Media Group မှ Chief Operating Officer ဒေါက်တာဟိန်းထက်အေးနှင့် မန်နေဂျာ ဦးထက်ဝေယံဝင်း၊ မြန်မာ့ လက်ရွေးစင် ကစားသမားများ၊ ကလပ်အသင်းတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။