MGallery Naypyitaw by Sofitel မှ ဟိုတယ်နှင့် ခရီးသွား ဝန်ကြီး ဌာန၏ လမ်းညွှန်မှုဖြင့် နေပြည်တော် ပတ်ဝန်းကျင်တွင် ခရီးသွားဆွဲဆောင်မှုများနဲ့ ခရီးစဉ် လမ်းကြောင်းများကိုဖော်ထုတ်သည့်အနေဖြင့် လည်းကောင်း၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးအနေဖြင့်လည်းကောင်း CSR Trip အနေနှင့် တိမ်ပင်လယ်ရှိသော ဝေသာလီရွာ နှင့် ၇ ဆင့်ရေတံခွန်ရှိသော မြသီတာ ကျေးရွာသို့ သွားရောက်လေ.လာခဲ့ပါတယ်။
ခရီးစဥ်လမ်းကြောင်းကို ပုံများနဲ့အတူကြည့်ရှု့ရင်း MGallery Nay Pyi Taw အနေနှင့် Hotel Package များကို စီစဥ်ရောင်းချပေးသွားမှာ ဖြစ်ကြောင်း ကြိုတင် အသိပေးလိုက်ပါရစေရှင်။
နေပြည်တော် ပျဥ်းမနားမြို့နယ်ရှိ တိမ်ပင်လယ်ကြည့်ဖို့ ဝေသာလီရွာကို သာဝတ္ထိ မှတဆင့် ရေနီစစ်ဆေးရေးဂိတ်နားမှာ လမ်းဘယ်ဘက်ချိုးရင် တောင်ဖီလာ Max cement ဘိလပ်မြေစက်ရုံ ဆိုင်းဘုတ် ရှိတဲ့ ဘက်ကိုချိုးကွေ့ ပြီး တောင်ပေါ် တက်တဲ့လမ်းအတိုင်း သွားရပါတယ်ရှင်။
မနက်စောစော 4 နာရီလောက် သွားမှ တိမ်ပင်လယ်က ၅:၃၀ နာရီ မှ ၆:၃၀ နာရီအတွင်းကို ဝေသာလီရွာ ကကြည့်ရင်မြင်ရမှာပါ။ အခုလိုဆောင်းတွင်းသွားမယ်ဆိုရင် တော့အအေးပိုနေလို့ အနွေးထည်ဝတ်သွားသင့်ပါတယ်နော်။
တောင်ဆင်း တောင်တက်မို့ ကားကြံခိုင်ရေးလည်းလိုအပ်ပါတယ်ရှင်။ လမ်းကနဲနဲကျဥ်းပြီး မနက်စောစောဆိုနဲနဲမှောင်နေလို့ ကားနဲ့ဆို ၂ နာရီလောက်မောင်းရပါတယ်ရှင်။
လမ်းမှာ ဆိတ်ဖူးတောင်၊ လဘက်တောင်၊ နန်းလွင်စမ်း၊ အောင်ဘိတ်သိတ်၊ ကိုးရွာ၊ ဝေသာလီ၊ ပြဒါးချောင်း ရွာတွေကို ဖြတ်သွားရပြီး ၇ ဆင့်ရေတံခွန် ကို မြသီတာရွာကနေ တဆင့်သွားရတာပါ။ ကရင်လူမျိုးအများစုနေထိုင်တဲ့ရွာပါ။ လျှပ်စစ်မီးမရသေးပါဖူးရှင်။ အခြေခံပညာမူလတန်းလွန်ကျောင်းရှိပါတယ်။ ဒေသထွက်အနေနဲ့ ကော်ဖီ နှင့်လက်ဘက်ခြောက်များထွက်ရှိပါတယ်။
ရွာကတာဝန်ရှိလူကြီးများမှ စောင့်ကြိုနေပြီး ခရီးသွားရေးအစီအစဥ်များနှင့် ဒေသဖွ့ံဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကာ အလှူငွေများလည်းပေးအပ်ခဲ့ပါတယ်ရှင်။
အဲ့ဒီ နောက်ရွာအစပ်နားမှာ ကားထားခဲ့ပြီး ရေတံခွန်ကို ၃၀ မိနစ်လောက် တောင်တက် တောင်ဆင်း လမ်းလျောက်ရပါတယ်။
မြသီတာကျေးရွာနားမှာဆိုရင် တယ်လီနော ဖုန်းပဲ ဆက်သွယ်ရနိုင်ပါတယ်ရှင်။ ရေတံခွန်အသွားလမ်းကကျဥ်းပြီး တောင်ဆင်းတောင်တက်လမ်းလျောက်သွားရတာမို့ walking shoe စီးသွားရင် ပိုကေါင်းပါတယ်။ အချို့နေရာတွေက နဲနဲချောနေတာမို့ တုတ်ကောက် (သို့မဟုတ်) တောင်ဝှေးတွေနဲ့ သွားရရင် ပိုအဆင်ပြေမယ် ထင်မိပါတယ်။ လမ်းမှာ စျေးဆိုင်တွေမရှိသေးလို့ ဗိုက်ဆာတတ်ရင် ရေနဲ့ စားစရာလေးတွေယူသွားသင့်ပါတယ်ရှင်။ စိမ်းစိုလှပတဲ့ တောတောင် အလှကိုကြည့်ရင်း အေးချမ်းတဲ့ သဘာဝအလှကြောင့် မောရမှန်းမသိ ဖြစ်ရပါတယ်ရှင်။
ရေတံခွန်ကအပြန် ရွာထဲမှာ နေ့လည်စာ နဲ့ ဧည့်ခံတော့ ဒေသထွက် အစားအသောက်များကိုလည်း လေ့လာ မြည်းစမ်းကြည့်ခွင့်ရခဲ့ပါတယ်ရှင်။
လှပတဲ့ရေတံခွန်ရှိတဲ့ ဒီခရီးစဥ်ကို သွားလိုက်တယ်ဆိုရင်ပဲ Home stay နေ နေကြတဲ့ ချစ်ရတဲ့သူများကို ပြန်လည်မျှဝေပေးလို တာမို့ MGallery Naypyitaw မှ ဒီလိုခရီးစဥ်လေးတွေ စီစဥ်ပေးမဲ့ အကြောင်း ကြေညာလိုက်ပါရစေရှင်။