Max Hotels Group gave supplies to flood victims of Kyaut Taw, Rakhine State

22Jun

Max Hotels Group gave supplies to flood victims of Kyaut Taw, Rakhine State

သြဂုတ်လ ၆ရက်၊ ၂၀၁၅
ဧရာဝတီဖောင်ဒေးရှင်း အဖွဲ့ (Max Hotels Group အဖွဲ့ခွဲ) ၊ ဧရာဝတီဘဏ် (စစ်တွေဘဏ်ခွဲ)မှ ဗော်လန်တီယာများ နှင့် ရခိုင်အမျိုးသား ကွန်ယက် ပူးပေါင်းအဖွဲ့သားများသည် ကျောက်တော်မြို့နယ် အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီဝင်များ နှင့်တွေ့ဆုံ၍ ကယ်ဆယ်ရေး လိုအပ်နေတဲ့ ကျေးရွာများ အကြောင်း တွေ့ဆုံ မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ရေဘေးသင့် ကျေးရွာများမှာ ၁၄ ရွာရှိကြောင်း သိခဲ့ရပါတယ်။ ကျောက်တော်ဆိပ်ကမ်းမှ ရေလမ်းကြောင်းဖြင့် ၂နာရီခန့် သွားရသော သဲပုံကျေးရွာနဲ့ တောင်ပူစီကျေးရွာ တို့ကို အစားအစာ ဆေးဝါး၊ ရေသန့်ဘူးများ နှင့် တာပေါ်လင်စများကို ပူးပေါင်းအဖွဲ့ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပေးအပ်ခဲ့ပြီး ကျန်၁၂ရွာကိုလည်း ကျောက်တော်မြို့နယ် အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီဝင်တစ်ဦး ဦးဆောင်၍ ဆက်လက် ဖြန့်ဝေပေးခဲ့ပါတယ်။